တံတားဦးမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိတ်ဖွင့် လေလံတင် စနစ်ဖြင့် ရောင်းချ

တံတားဦး မတ် ၇

တံတားဦးခရိုင် တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမ၌ အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချကြောင်း သိရသည်။

အိတ်ဖွင့်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် တံတားဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက အမှာစကား ပြောကြားပြီး လေလံတင်ရောင်းချရေးအဖွဲ့ဥက္ကဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းက လေလံစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြေကာကြားသည်။ ဆက်လက်၍ လိုင်စင်စီများက လိုင်စင်စည်းကမ်းချက်များ၊ အိတ်ဖွင့်လေဆေလ့ရောင်းချခြင်းတိုနှင့် စပ်လျဉ်းပြီး မရှင်းလင်းသည်များကို ဆွေးနွေးမေးမြန်းကြရာ အမှုဆောင်အရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းလုပ်ကိုင်ခွင့်အရပ်ရပ်အခွင့်အရေးဆိုင်စင်များများကို အိတ်ဖွင့်လေလံစနစ်ဖြင့်ရောင်းချကြောင်း သိရသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များတွင် သားသတ်လိုင်စင်၊ အပေါင်ဆိုင်လိုင်စင်၊ ဈေးကောက်လိုင်စင်၊ စက်ဘီးအပ်နှံခကောက်ခံခွင့်လိုင်စင် မြို့မဈေးရေလောင်းအိမ်သာ ကောက်ခံခွင့်လိုင်စင်တို့ကို လိုင်စင်စီများက  အိတ်ဖွင့်လေလံစနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)