ဒလ မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အောင်ဇေယျဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုများကို ယနေ့ နံနက်(၁၀) အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အောင်ဇေယျဈေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဗူးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများထားရှိမှုနှင့် အမှိုက်များကိုစနစ် တကျစွန့်ပစ်ထားရှိမှု၊ စားသောက်ကုန်များသန့်ရှင်းစွာ ရောင်းချနေမှုတို့အား လိုက်လံစစ် ဆေးခဲ့ကြသည်။
ထို့နောက် ဈေးသူ/ ဈေးသားများအနေဖြင့် နွေရာသီကာလအတွင်း မီးကိုပိုမိုဂရုပြုသုံးစွဲကြရန်၊ မတ်လ(၈)ရက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုချိန် ကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး အထူးသတိပြုကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော်(ပြန်/ ဆက်)