သတင်းများ

ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ
Aug 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၏ အမှတ် (၅၇)စက်မှု လယ်ယာစခန်းမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ရေလဲနှဲကော ကျေးရွာအုပ်စု ရေလဲတောင်စုကျေးရွာ အ.ထ.က ကျောင်းမြေတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသ
Aug 16,2022
မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ အကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်၍ အများပြည်သူများအနေဖြင့် လေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမရှေ့ရှိ နံရံကပ်ဘုတ်၌ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose(Covield Shield)ဒုတိယအကြိမ်ထိုးနှံပြီးသူများအား sinovac ထိုးနှံပေး
Aug 16,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရပ်ကွက်‌နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး sinovac အား ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင် ငှက်ပျောပင်စိုက်ပျိုးမှုကြောင့် မိသားစုအပိုဝင်ငွေရရှိ
Aug 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင် ငှက်ပျောခြံစိုက်ပျိုး၍ ငှက်ပျောသီးစျေးကွက်ကောင်းမွန်သဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်
Aug 16,2022
ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း အစီအစဉ်တစ်ရပ် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်အတွင်း သန္ဓေတပ်ဖွဲ့ဝင်မျာ
ကျိုင်းလပ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 16,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီခွဲက စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ကြီးပွားလိုလျှင်စိတ်ကိုပြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်
Aug 16,2022
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲကတနင်္သာရီ တိုင်းဒေသကြီး၊   ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ပလောက်မြို့တွင်းရှိကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူများအား Booster Does ထပ်မံထိုးပေး
Aug 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူများအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေသီလာရတနာခန်းမတွင် Booster Does ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။