ကဝ မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၃ခုနစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ကဝမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကဝ)စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ(၃၃၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကဝမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(ကဝ) စာစစ်ဌာနတစ်ခုသာ ထားရှိမည်ဖြစ်ပြီး အတွင်းဖြေ (၁၂၀)ဦး၊ အပြင်ဖြေ (၂၁၅)ဦး စုစုပေါင်း (၃၃၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာမေးပွဲအတွင်းအပြင် ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)