မြန်အောင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် စာစစ်ဌာန (၇)ခု ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှု စစ်ဆေး

မြန်အောင် မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၇)ခုတွင် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု တို့ကို ယနေ့နံနက်က မြန်အောင်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၇)ခုဖြစ်သော အ.ထ.က (၁)မြန်အောင်၊ အ.ထ.က-ကနောင်၊ အ.ထ.က-သပြေကုန်း၊ အ.ထ .က- အင်ပင်၊ အ.ထ.က- ဇလုပ်မ၊ အ.ထ.က- လက်ပံကွင်းနှင့် အ.ထ.က-ရွှေကျင် ကျောင်းများရှိ  စာသင်ခန်းအတွင်း/အပြင်  ပြင်ဆင်ထားရှိမှု၊ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းများ မီးဘေး အန္တရာယ် ကင်းရှင်းစေရန် လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေသိုလှောင်ကန်များ၊ မီးသတ်ဆေးဗူးထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။ 

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)