မိုင်းနောင် မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် နွေရာသီအင်္ဂလိပ်စာ သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကား ပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းမွှေးနှင့် ဒေါ်ဆုနှင်းစန္ဒာတို့က သင်ကြားပို့ချမည့် သင်ခန်းစာများအကြောင်း ရှင်းလင်းကာ သင်ခန်းစာများ စတင်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာ (သဒ္ဒါ) သင်တန်းသည် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချတက်စေရေး သိရှိနားလည်စေရန် ကျောင်းသား၊ ကျောင်းသူပေါင်း စုစုပေါင်း(၇၂)ဦးကို (၃)ကြိမ်ခွဲ၍ နေ့စဥ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
မနန်း(မိုင်းနောင်)