တက္ကသိုလ်ဝင်စာမေးပွဲ အ.ထ.က(ဘောလခဲ)စာစစ်ဌာန၌ ကျောင်းသား/သူများ စာဖြေဆိုနေမှုအား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

ဘောလခဲ မတ် ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၃ ခုနှစ် အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) စာစစ်ဌာန၏ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား ဘောလခဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဘောလခဲ) စာစစ်ဌာန၌ စာရင်းရှိ ၉၇ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၈၆ ဦး၊ ပျက်ကွက် ၁၁  ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၇၃.၉၁ ရာခိုင်နှုန်းဖြစ်ပြီး ပျက်ကွက်မှုရာခိုင်နှုန်း ၂၆.၀၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်၊

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းသား/သူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ လာရောက်ဖြေဆိုနိုင်ရန် ကျောင်းတွင်းစာဖြေခန်း သန့်ရှင်းသာယာလှပရေး စနစ်တကျဆောင်ရွက်ထားရှိမှု၊ စာဖြေကျောင်းသား/သူများ အသုံးပြုရန် အိမ်သာများ စနစ်တကျသန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးကိစ္စဖြစ်ပေါ်လာပါက အရေးပေါ်ဆေးခန်းများ အချိန်ပြည့်ဖြည့်ဆည်းဆောင်ရွက်ထားရှိမှု၊ အဖြေလွှာထုတ်သွင်းသိမ်းဆည်းထားရှိနိုင်ရန် ဆောင်ရွက်ထားသော ကြီးကြပ်ရေးအခန်း ဆောက်ရွက်ထားရှိမှု၊ လိုအပ်နေသေးသော ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ထပ်မံကြိုးစားဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် ထပ်မံဖြည့်ဆည်းရန် ကိစ္စရပ်များအားအချိန်နှင့် တပြေးညီအား ထည့်ဖြည့်ဆည်းသွားရန် လမ်းညွန်မှုပေးဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် ဘောလခဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းဟန်နှင့် ခရိုင်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်နှင့် မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ တာဝန်ကျကျောင်းဆရာ/ဆရာမများ တက်ရောက်ခဲ့အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)