ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို
Mar 08,2023
နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စာစစ်ဌာနအသီးသီး၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။