ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၀၃ ဦး၊ ၉၁ ဒဿမ ၅၈ ရာခိုင်နှုန်း ဖြေဆို

ပုဗ္ဗသီရိ မတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင် ဖြေဆိုလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂၀) အ​​ခြေခံပညာအထက်တန်း​ကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၊ အောင်သုခကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း စသည့် စာစစ်ဌာနငါးခုတို့၌ တက္ကသိုလ်ဝင်စာ​မေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၉၈၆ ဦး စာရင်း​ပေးသွင်းထားပြီး၊ လာရောက် ဖြေဆိုသူ ၉၀၃ ဦး၊  ဖြေဆိုမှုရာခိုင် နှုန်း ၉၁ ဒဿမ ၅၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန် ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ဆောင် ရွက်ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်လည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စာစစ်ဌာနများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)