မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို   ကျောင်းသား/ကျောင်းသူ (၇၃၈)ဦး ဝင်ရောက်ဖြေဆို

မင်းဘူး  မတ်   ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန(၃)ခုတွင် ကျင်းပခဲ့ရာ ပထမနေအဖြစ် မြန်မာစာဘာသာကို ဝင်ရောက်ဖြေဆိုသူပေါင်း (၇၃၈) ဦးရှိကာ ဖြေဆိုသည့်ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)မင်းဘူး၊ အ.ထ.က စကုနှင့် အ.ထ.ကမုန်တောင် ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း၊ ကျောင်းတွင်း/ကျောင်းပြင် ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၃၁၆)ဦး၊ ကျောင်းသူ (၄၈၁)ဦး၊ စုစုပေါင်း (၇၉၇)ဦးဖြစ်ကြောင်း၊ ယနေ့ စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၈၅)ဦး၊ ကျောင်းသူ (၄၅၃)ဦး၊ စုစုပေါင်း (၇၃၈)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား (၃၁)ဦ၊ ကျောင်းသူ (၂၈)ဦး၊ စုစုပေါင်း (၅၉)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စားမေးပွဲကို ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံးရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနေတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)