လင်းခေး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ လင်းခေး-အ.ထ.က စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်၉နာရီတွင် မြန်မာစာ ဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုမှုတွင် အတွဲ(၁)စာရင်းရှိ ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၂၆)ဦး စုစုပေါင်း(၃၈)ဦးအနက် ကျား(၁၂)၊မ(၂၄) စုစုပေါင်း (၃၆)ဦး၊ အတွဲ၂ကျောင်းသား(၁၄) ဦး၊ ကျောင်းသူ(၁၈) စုစုပေါင်း (၃၂)ဦးအနက် ကျား(၁၁)၊ မ(၁၅) စုစုပေါင်း(၂၆)ဦးနှင့် အတွဲ(၇)ကျောင်းသား(၃)၊ ကျောင်းသူ(၁၁) စုစုပေါင်း(၁၄)ဦးမှ ကျား(၃)ဦး၊မ(၉)ဦး စုစုပေါင်း(၁၂)တို့ ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။
အ.ထ.က လင်းခေးစာစစ်ဌာနအနေဖြင့် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးဟောင်း (ပြင်ပဖြေ)ဆိုရန် စာရင်း(၈၄)ဦးရှိပြီး ယနေ့ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း (၇၄)ဦး၊ ပျက်ကွက် (၁၀)ဦးရှိကာ ဖြေဆိုမှာရာခိုင် နှုန်း(၈၈.၁၀%)ဖြစ်ကြောင်း အဆိုပါစာစစ် ဌာနကြီးကြပ်ရေးမှူး ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)