သတင်းများ

မိုင်းဖြတ်မြို့နယ်၌ မဟာသဒ္ဓမ္မဇောဓိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလအား ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
Mar 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် မဟာသဒ္ဓမ္မဇောဓိကဓဇ (သာသနာပြု ဒုတိယအဆင့်) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလအား ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ ယမန်နေ့နံနက် ၉ နာရီခွဲက စျေးတန်းပရိယတ္ထိ စာသင်တိုက်ရှိ ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆို
Mar 08,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနတို့၌ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မှော်ဘီမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၉၉၁)ဦးတို့ ဝင်ရောက်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့မှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၉၉၁)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 08,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ စတင်ဖြေဆိုနေပြီဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌လည်း  ယနေ့မနက်ပိုင်းမှစ၍  မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်သည်။
သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာစာဘာသာရပ်စတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိ​သည်။
မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့ ကျောင်းသား၊ကျောင်းသူ ၁၅၄ ဦး ဝင်ရောက်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ် ပထမနေ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ကျောင်းသား၊ကျောင်းသူ ( ၁၅၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။  
ဟုမ္မလင်း၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း  စာစစ်ဌာန(၅)ခု၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။