ဟုမ္မလင်း မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၅)ခု၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်တို့က ကြီးကြပ်ပြီး ဌာနဆိုင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ဟုမ္မလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၅)ခုဖွင့်လှစ်ပြီး စာမေးပွဲဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၁၆၇၃) ရှိကြောင်း၊ ယနေ့ မြန်မာစာဖြေဆိုသည့် ကျောင်းသား (၅၂၄) ဦး၊ ကျောင်းသူ (၉၈၃) ဦး၊ ဖြေဆိုသူစုစုပေါင်း (၁၅၀၇) ဦး၊ ဖြေဆိုပျက်ကွက်သူ ကျောင်းသား (၇၀)ဦး၊ ကျောင်းသူ (၉၆)ဦး စုစုပေါင်း (၁၆၆)ဦးရှိပြီး၊ ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၀.၀၈) ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟုမ္မလင်း ပြန်/ဆက်