ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဗန်းမော် မတ် ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခင်မောင်လွင်က နိုင်ငံတော်က အဓိကအားဖြင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စသည့် သက်ဆိုင်သည့်ဌာနများမှ လုပ်ငန်းများအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးနှင့် ပတ်သက်၍  မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းမှာ မဲစာရင်းကောက်ယူခြင်းမဟုတ်ပါကြောင်း၊ လ.ဝ.ကဦးစီးဌာနရှိ အိမ်ထောင်စုစာရင်းတွင် ထည့်သွင်းထားသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရန် ကောက်ယူခြင်းဖြစ်ပါ‌ကြောင်း ပြည်သူများ နားလည်သဘောပေါက်စေရန် ဌာနဆိုင်ရာတာဝန်ရှိသူ များမှ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးအသိပညာပေးကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာနနှင့် သက်ဆိုင်သည့် အချက်အလက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်