ခန္တီးမြို့တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာ ယာစွာ ဖြေဆိုလျက်ရှိပြီး ခန္တီးမြို့တွင် အ.ထ.က(ခန္တီး) စာစစ်ဌာနတစ်ခုတည်းရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစာရင်းရှိ (၃၂၅)ဦး၊ ဖြေဆိုသူ(၂၉၃)ဦး၊ ပျက်ကွက်(၃၂)ဦး ဖြစ်ကြောင်းသိရသည်။