မိုးမိတ် မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ် ပထမနေ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ကျောင်းသား၊ကျောင်းသူ ( ၁၅၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ရောက်ဖြေဆိုမည့် ကျောင်းသား ၊ကျောင်းသူများမှာ စာရင်းရှိ (၁၆၇) ရှိပြီး စာစစ်ဌာန နှစ်ခုခွဲ၍ ဖြေဆိုစေမည်ဖြစ်ပြီး အ-ထ-က မိုးမိတ်စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၆) ဦး ၊ပျက်ကွက် (၁၂)ဦးနှင့် အ-ထ-က (မန်ကျည်းပင်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၈) ဦး၊ ပျက်ကွက်(၁)ဦး၊ စုစုပေါင်း (၁၅၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါစာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ရဲမှူး ကျော်အေးလှိုင်၊ မိုးမိတ်(အခြေချ) စစ်ဗျူဟာမှ ဗိုလ်မှူး ထူးဇေယျ နှင့်တပ်နယ်အသီးသီးမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး (ပြန်/ဆက်)