သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာစာဘာသာရပ်စတင်ဖြေဆို

သာယာဝတီ မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိ​သည်။

 တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က(၁)သာယာဝတီစာစစ်ဌာနတစ်ခုတွင် ကျောင်းသား(၁၆၅)ဦး၊ ကျောင်းသူ(၂၄၇)ဦး စုစုပေါင်း (၄၁၂)ဦး ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း၊ စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့အထိ တစ်ရက်လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအချိန်ထိ (၃)နာရီကြာ ဖြေဆိုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)