မှော်ဘီမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၉၉၁)ဦးတို့ ဝင်ရောက်ဖြေဆို

မှော်ဘီ    မတ်   

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့မှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊  မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၉၉၁)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မှော်ဘီမြို့နယ်အတွင်း၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ..က ()စာစစ်ဌာန၊ ..က() စာစစ်ဌာန၊ အ..က(မြောင်းတကာ) စာစစ်ဌာနတို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ (၁၁၂၆)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ (၉၉၁)ဦးထိ ရှိကြောင်း သိရသည်။

ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်းဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား (၂၃)ဦး၊ ကျောင်းသူ(၃၆)ဦးနှင့် ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၄၁၆)ဦး၊ ကျောင်းသူ(၅၁၆)ဦးရှိပြီး ကျောင်းတွင်းနှင့်ကျောင်းပြင်ပ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၄၃၉)ဦးနှင့် ကျောင်းသူ (၅၅၂)ဦး စုစုပေါင်း(၉၉၁)ဦး ပျက်ကွက်(၁၃၅)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၈၈.၀၁)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကောင်းမြတ်သူ (မှော်ဘီ)