သတင်းများ

အလုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(အလုံ) စာဖြေဌာနတွင်  မတ်လယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ၆၇၉ ဦးရှိ
Mar 08,2023
မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တောင်သာမြို့နယ်တွင် မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း ၆၇၉ ဦး ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပသည်။
စမ်းချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့မတ်လ (၈)ရက်နေ့မှစတင်ကာ ဖြေဆိုလျက်ရှိကြောင်း  သိရသည်။
ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)မှ စားနပ်ရိက္ခာများထောက်ပံ့ပေး
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင် ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား ကျောင်းသူများ စတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက်  ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်၀င် စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို  ယနေ့ နံနက် (၉) နာရီမှစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ဖြူးမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲကို စာစစ်ဌာန(၂)ခု၌ မြန်မာဘာသာစတင်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ယနေ့မတ်လ(၈)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာဖြေဌာန(၂)ခု၌ မြန်မာဘာသာ စတင်ဖြေဆိုကြောင်း သိရသည်။