ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)မှ စားနပ်ရိက္ခာများထောက်ပံ့ပေး

ကျောက်တံခါး  မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင် ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် လူ(၁)ဦးလျှင် (၂)လစာအဖြစ်ဆန်(၁၃)ပြည်(၄)လုံး၊ ပဲ(၁)ပြည်(၆)လုံး၊ ဆီ(၂)လီတာနှင့်လူ(၅)ဦးလျှင် ဆား(၂)ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးရာ ကျောက်တံခါးဒေသတွင် မြို့နယ်စည်ပင်သာယာခန်းမ၌ အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၂၀၅)ဦး၊ ပဲနွယ်ကုန်းဒေသတွင် သုံးလူရန်အောင်ဘုရားကြီးဝန်းအတွင်း၌ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၈၄)ဦး၊ ဖဒိုဒေသတွင် ဘိုးပိုက်ဆံ(၁)ရပ်ကွက်ရှိ ခရစ်ယာန်ကျောင်းကြီးဝန်းအတွင်း၌ အိမ်ထောင်စု(၄၉)စု၊ လူဦးရေ (၁၇၀)ဦး စုစုပေါင်း အိမ်ထောင်စု(၁၁၇)စု၊ လူဦးရေ(၄၅၉)ဦးတို့အား လာရောက် ထောက်ပံ့ ပေးခဲ့သည်။

ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)မှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)