စမ်းချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို

စမ်းချောင်း  မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့မတ်လ (၈)ရက်နေ့မှစတင်ကာ ဖြေဆိုလျက်ရှိကြောင်း  သိရသည်။

စမ်းချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၇၀)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး အဆိုပါ စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ နံနက် (၉)နာရီမှ (၁၂)နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်(၉)နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ တာဝန်ရှိသူများ က အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီလာစိုး