ချမ်းမြသာစည် မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်၀င် စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီမှစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် ကျောင်းသား/သူများ တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုနိုင်ရန် အထက -၂၆ နှင့် အထက-၇ စာစစ်ဌာနနှစ်ခုရှိပြီး ယနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို သည့်နေ့တွင် အထက-၂၆ စာစစ်ဌာနတွင် (၅၃၄)ဦး၊ အထက-၇ စာစစ်ဌာနတွင် (၆၁၅) ဦး စုစုပေါင်း (၁၁၄၉) ဦး ၀င်ရောက်ဖြေဆိုခဲ့ကြောင်း၊ မြို့နယ်အနေဖြင့် စာမေးပွဲဖြေဆိုခွင့် စာရင်း သွင်းထားရှိသည့် ကျောင်းတွင်းနှင့် ပြင်ပအပါအ၀င် ကျောင်းသား/သူ စုစုပေါင်း (၁၂၂၄) ဦးရှိပြီး ယခုလာရောက်ဖြေဆိုသူ (၁၁၄၉) ဦးရှိရာ ပျက်ကွက် (၇၅) ဦးဖြစ်ကြောင်း၊ အဆိုပါ ပျက်ကွက်သူ ကျောင်းသား/ သူများမှာ ပြင်ပဖြေဆိုသူအများစုဖြစ်ကြောင်းနှင့် မြို့နယ်အနေဖြင့် စာမေးပွဲဖြေဆိုသူရာခိုင်နှုန်း ၉၃.၈၇ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)