သတင်းများ

ချောင်းဆုံမြို့နယ် Community Centre ခန်းမတွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Mar 10,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် (ပြန်/ဆက်)ဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀း၀၀)နာရီက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး (Talk Show)ကျင်းပ ပြုလုပ်သည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ပန်းချီသင်တန်းဖွင့်လှစ်
Mar 10,2023
ပဲခူးတိုင်းဒေသကြှီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံပန်းချီရေးဆွဲနည်းပညာကို တတ်မြောက်စေရန် ယနေ့နံနက် ၉ နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့​သည်။
ဇီးကုန်းမြို့နယ်၌ နွေစပါး(၃၄၃၃)ဧက စိုက်ပျိုးပြီးစီး၍ လျာထားစိုက်ဧက ပြည့်မီကျော်လွန်နိုင်ရေး တောင်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်တို့မှ ပို့လွှတ်သောဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိရာ ယမန်နေ့အထိ (၃၄၃၃)ဧက စိုက်ပျိုးပြီးစီး၍ လျာထားစိုက်ဧကပြည့်မီကျော်လွန်နိုင်ရေး၊ တောင်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
သထုံမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာပညာပေး (Talk Show)ကျင်းပ
Mar 10,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကျင်းပ ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
Mar 10,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့  ထောက်ပံ့လှူဒါန်းလျက်ရှိရာ မတ်လ ၁၀ ရက် နံနက်ပိုင်း က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကျွေးချောင်းကျေးရွာ၊ လင်းရောင်ခြည် ဓမ္မရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များနှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား  လှူဒါန်းခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ သံမိုးတောင်ဒေသထွက် မန်ကျည်းသီးမှည့်များ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိနေ
Mar 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သံမိုးတောင်ကျေးရွာ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြရာ ရှေးယခင်က အလေ့အကျအပင်များနှင့် ဘိုးဘေးဘီဘင်များ စိုက်ပျိုးထားခဲ့သော နှစ်ရှည် သီးနှံဖြစ်သည့် မန်ကျည်းပင်များသည် ယခုနှစ်တွင် မန်ကျည်းသီးများ အသီးအထွက်နှုန်း ကောင်းမွန်ကာ ဈေးကောင်းလည်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးမွဲဖြေဆိုသည့် စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး
Mar 10,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉နာရီ မိနစ်၃၀က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ဖယ်ဖိုးအထက်ကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်
Mar 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   မြစိမ်းရောင် စီမံကိန်းပြောင်းလဲဆောင်ရွက်ခွင့်ရသည့်  ဖယ်ဖိုးအထက်ကျေးရွာတွင် မြစိမ်း ရောင်စီမံကိန်း  အ‌ကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းကျေးရွာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများနှင့် လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းကို ယနေ့နံနက် (၉)နာရီအချိန် ဖယ်ဖိုးအထက်ကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။