အလုံ မတ် ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(အလုံ) စာဖြေဌာနတွင် မတ်လယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် ကျောင်းသား ၆၅ ဦး၊ ကျောင်းသူ ၆၉ ဦး၊ စုစုပေါင်း ၁၃၄ ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်