သတင်းများ

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ (မြန်မာစာဘာသာရပ်) ကို အ-ထ-က (မိုင်းရှူး) စာစစ်ဌာနနှင့် အ-ထ-က (ဝမ်ကန်) စာစစ်ဌာန ၂ ခုတို့တွင် ယ‌နေ့နံနက်(၉)နာရီက စတင်ဖြေဆိုခဲ့သည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင်ကျင်းပရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာစစ်ဌာနနှစ်ခု၌ ပထမနေ့စာမေးပွဲအဖြစ် (မြန်မာစာဘာသာ)ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြသည်။
ပန်းပဲတန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တံတား ခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
နမ့်ခမ်းမြို့၌ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ပထမနေ့စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ပထမနေ့စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများဆောင်ရွက်
Mar 08,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ
Mar 08,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ ​​ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ယနေ့နံနက် ၉ နာရီက ပထမနေ့ မြန်မာစာဘာသာရပ်ကို  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျောက်မဲမြို့နယ်မှ မြန်မာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ(၁၈၇)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။