ဖြူးမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲကို စာစစ်ဌာန(၂)ခု၌ မြန်မာဘာသာစတင်ဖြေဆို

ဖြူး မတ် ၈

၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ယနေ့မတ်လ(၈)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာဖြေဌာန(၂)ခု၌ မြန်မာဘာသာ စတင်ဖြေဆိုကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် စာဖြေဌာန(၂)ခုဖြစ်သည့် အ.ထ.က(၁)ဖြူး၊ အ.ထ.က(၁)ကညွတ်ကွင်းတို့၌ ကျောင်းသား/ကျောင်းသူ စာရင်းရှိ(၅၃၆)ဦး၊ ဖြေဆိုသူ (၅၀၄)ဦး၊ ပျက်ကွက်သူ(၃၂)ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်၀င်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်  မြို့နယ်အဆင့် ဌာနရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)