ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား ကျောင်းသူများ စတင်ဖြေဆို

ညောင်လေးပင် မတ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက်  ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်း ..က(၁)ညောင်လေးပင်စာစစ်ဌာန၊ ..က(၂)ပြွန်တန်ဆာစာစစ်ဌာန၊ အ..က-ပိန်းဇလုပ် စာစစ်ဌာနဟူ၍ စာစစ်ဌာန(၃)ခုရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား (၂၁၇)ဦးနှင့် ကျောင်းသူ(၄၁၁)ဦး စုစုပေါင်း (၆၂၈)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်