တောင်ကြီး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ၊ ဥက္ကဋ္ဌ (ကိုယ်စား) ပြည်နယ်အဆင့် အမျိုးသမီးကော်မတီအတွင်းရေးမှူး ဦးဇော်မင်းက အဖွင့်မိန့်ခွန်းပြောကြားပြီး ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးက ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုအကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက လူမှုဝန်ထမ်းဦးစီးဌာနသို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၏ဇနီး ဒေါ်ခင်သန်းဌေးနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းတို့က ထောက်ပံ့ငွေကျပ် ၁ သိန်းကိုလည်းကောင်း ပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ကြောင်းနှင့် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၏ဇနီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ဇော်နိုင်လင်း