တောင်သာ မတ် ၈
မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တောင်သာမြို့နယ်တွင် မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း ၆၇၉ ဦး ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်ရှိ စာစစ်ဌာန (၁၀) ခု ဖြစ်သည့် အ.ထ.က-တောင်သာ၊ အ.ထ.က-ဝဲလောင်၊ အ.ထ.က-တလိုင်းရပ်ရွာသစ်၊ အ.ထ.က-ဇဂျမ်း၊ အ.ထ.က-တမိုက်သာ၊ အ.ထ.က-ကျောဇီ၊ အ.ထ.က-ဆီမီးကန်၊ အ.ထ.က-ဇရပ်ကြီး၊ အ.ထ.က-ရသစ်၊ အ.ထ.က-ရုံးစည်ကြီးတို့တွင် အတွဲ(၁) ဘာသာရပ်မှ ကျောင်းသား/ကျောင်းသူ (၃၈၅) ဦး၊ အတွဲ(၂)ဘာသာရပ်မှ ကျောင်းသား/ကျောင်းသူ (၁၇၉) ဦး၊ အတွဲ(၇)ဘာသာရပ်မှ ကျောင်းသား/ကျောင်းသူ (၁၉၀) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၇၅၄) ဦးအနက် မြန်မာစာဘာသာကို ဝင်ရောက်ဖြေဆိုသူ (၆၇၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)