ဘားအံခရိုင်ရုံး Community Centre တွင် ပဉ္စမအကြိမ် နွေရာသီ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်
Mar 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အခြေခံပန်းချီ၏ သဘောသဘာဝများကို သိရှိစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် နွေရာသီပန်းချီ အခြေခံသင်တန်း ၁/၂၀၂၃ ကို ယမန်နေ့ နံနက် (၁၁) နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။