ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

ချောက် ​မတ် ၈

မကွေးတိုင်းဒေသကြီး၊ ​​ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ယနေ့နံနက် ၉ နာရီက ပထမနေ့ မြန်မာစာဘာသာရပ်ကို  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

​ချောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ များကို အ.ထ.က (၁)၊ စ​လေ အ.ထ.က၊​ ဂွေးပင် အ. ထ.က စာစစ်ဌာန (၃)ခုတွင် ဖြေဆိုလျက်ရှိရာ ပထမနေ့ မြန်စာဘာသာရပ်တွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၆၂)ဦး၊ ကျောင်းသူ(၅၁၆)ဦး၊ စုစု​ပေါင်း(၇၇၈)ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ  (၉၃) ဦး ရှိကြောင်းနှင့် ၈၉ဒသမ ၃၂ ရာခိုင်နှုန်း​ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

စာမေးပွဲ ကျင်းပချိန်အတွင်း ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့၊ တက္ကသိုလ်ဝင်စာ​မေးပွဲ ကြီးကြပ်​ရေးတာဝန်ကျဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က စာစစ်ဌာနကျောင်းဝင်းပြင်ပနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းနှင့် စာဖြေခန်း အသီးသီးတို့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် လုံခြုံရေးတာဝန်များကို ခွဲဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)