နမ့်ဆန် မတ် ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင်သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ အပတ်စဉ်ထုတ် ရွှေသွေးဂျာနယ်၊ တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်စာအုပ်များ၊ ကလေးများအကြိုက် ပြိုင်ပွဲများ၊ စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆွေးနွေးပွဲများ၊ Talk Show များနှင့် ပြိုင်ပွဲများကို နွေရာသီကျောင်းပိတ်ရက်များတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများစာပေများကို ဖတ်ရှုလေ့လာ စေရန်အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးစိတ်ကြိုက်ပုံပြင်ပြောပြခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်း၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စသည့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)