ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ပခုက္ကူ မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင်ကျင်းပရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာစစ်ဌာနနှစ်ခု၌ ပထမနေ့စာမေးပွဲအဖြစ် (မြန်မာစာဘာသာ)ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်‌ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၈၅ ဦး စာရင်းပေးသွင်းထားပြီး ဖေဖော်ဝါရီလ ၈ ရက် ပထမနေ့စာမေးပွဲ (မြန်မာစာဘာသာ)ကို လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၇၄ဦးရှိ‌သောကြောင့် ဖြေဆိုမှုနှုန်း ၈၃ ဒသမ ၈၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)