နမ့်ခမ်း မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၂-၂၃ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်တန်း ပထမနေ့စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။
၂၀၂၃-ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုလျက်ရှိရာ နမ့်ခမ်းမြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများလည်း ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ နမ့်ခမ်းမြို့နယ်တွင် အမှတ်(၁) အ.ထ.ကကျောင်း၌ စာစစ်ဌာန (၁)ခု ဖွင့်လှစ်၍ စာမေးပွဲဖြေဆိုလျက်ရှိရာ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်သားကျောင်းသူ စာရင်းရှိ စုစုပေါင်း (၃၄၅)ဦး၊ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ (၄၅) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျား (၉၅)ဦး၊ မ (၂၀၅)ဦး၊ စုစုပေါင်း (၃၀၀)ဦးရှိပါသည်။ နမ့်ခမ်းမြို့စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ (၁၆၂)ဦးနှင့် ပြင်ပမှဖြေဆိုသူ (၁၃၈) ဦးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုသည့် ကာလအတွင်း မလိုလားအပ်သည့် အနှောင့်အယှက်များ မရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ အသိပေးနှိုးဆော်ထားရှိပြီး စာစစ်ဌာနတွင် အတွင်းစည်း၊ အပြင်စည်းနှင့် ကျန်းမာရေးစောင့်ရှောက်ရန် မီနီဆေးခန်းတို့ ဆောင်ရွက်ထားရှိသည်။ စာမေးပွဲပထမနေ့၌ အေးချမ်းစွာ ဖြေဆိုပြီးမြောက် စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စာစစ်ဌာနအပြင်စည်း နေရာတွင် စောင့်ကြပ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)