ပန်းပဲတန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပန်းပဲတန်း မတ် ၈

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တံတား ခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာ)ကို ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား(၂၆)ဦး၊ ကျောင်းသူ (၅၀)ဦး စုစုပေါင်း (၇၆)ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား (၂၄)ဦး၊ ကျောင်းသူ (၄၃)ဦး စုစုပေါင်း (၆၇)ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၉)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၈၈ ဒဿမ ၁၆ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေါ်ဦးဆန်းကြည်