မိုင်းရှူး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ (မြန်မာစာဘာသာရပ်) ကို အ-ထ-က (မိုင်းရှူး) စာစစ်ဌာနနှင့် အ-ထ-က (ဝမ်ကန်) စာစစ်ဌာန ၂ ခုတို့တွင် ယနေ့နံနက်(၉)နာရီက စတင်ဖြေဆိုခဲ့သည်။
မိုင်းရှူးမြို့နယ် အ-ထ-က(မိုင်းရှူး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၆၄)ဦး၊ ပျက်ကွက်(၅)ဦးနှင့်၊ အ-ထ-က(ဝမ်ကန်) စာစစ်ဌာနတွင် (၂၁)ဦး၊ ပျက်ကွက်(၅)ဦးရှိပြီး မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသူ စုစုပေါင်း(၈၅)ဦး၊ ဖြေဆိုရန် ပျက်ကွက်သူ(၁၀)ဦးရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်များနှင့်စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)