ကျောက်မဲ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျောက်မဲမြို့နယ်မှ မြန်မာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ(၁၈၇)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အထက(၁) စာစစ်ဌာနတွင် ဘာသာတွဲ(၁)တွင် စာရင်းရှိ(၁၀၄)ဦး၊ ဖြေဆို(၈၆)ဦး၊ ပျက်ကွက်(၁၈)ဦး၊ဘာသာ တွဲ(၂)တွင် စာရင်းရှိ(၅)ဦး၊ ဖြေဆို(၄)ဦး၊ ပျက်ကွက်(၁)ဦး၊ ဘာသာတွဲ(၇)တွင် စာရင်းရှိ(၁၀၃)ဦး၊ ဖြေဆို(၉၇)ဦး၊ ပျက်ကွက်(၆)ဦး စာရင်းရှိရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ (၂၁၂)ဦး အနက် (၁၈၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၈.၂၀) ရာခိုင်းနှုန်းရှိသည်။
အဆိုပါစာစစ်ဌာန၏ အပြင်စည်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ကူညီပံ့ပိုး ပေးလျက်ရှိပြီး အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့တက္ကသိုလ်ဝင် စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/သူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ထွန်းသူက လာရောက်ကြည့်ရှုစစ်ဆေး အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)