ကြာအင်းဆိပ်ကြီး မတ် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများမှ စာမေးပွဲဖြေဆိုရန် ၃၄၄ ဦး စာရင်းပေးသွင်းထားရှိပြီး ယနေ့မြန်မာစာဘာသာရပ်အားကျောင်းသား(၁၀၀)ဦး ကျောင်းသူ(၁၉၅)ဦး စုစုပေါင်း(၂၉၅)ဦးမှ ဝင်ရောင်ဖြေဆိုလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေရန် ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၃၀)ဦး၊ စုစုပေါင်း(၄၉)ဦး ပျက်ကွက်ခဲ့ပြီး စာမေးပွဲဖြေဆိုသည့်ရာခိုင်နှုန်း ၈၅.၇၆% ဖြစ်ပြီး ၁၄.၂၄% ပျက်ကွက်ခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)