ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ပန်းချီသင်တန်းဖွင့်လှစ်

ပေါင်းတည် မတ် ၁၀

ပဲခူးတိုင်းဒေသကြှီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံပန်းချီရေးဆွဲနည်းပညာကို တတ်မြောက်စေရန် ယနေ့နံနက် ၉ နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့​သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးအေးဆင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပန်းချီသင်တန်းနည်းပြဆရာဦးဆန်းထွန်း(ဇော်ပေါက်)က မိတ်ဆက်စကားပြောကြားပြီး ယခုသင်တန်းတွင် အခြေခံမျဉ်းရေးဆွဲနည်း၊ ကောက်ကြောင်း၊ ဆေးရောင်ခြယ်နည်းတို့ကို နံနက် ၉ နာရီမှ ၁၁ နာရီထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သင်တန်းပထမနေ့တွင် မျဉ်းဖြောင့်၊ မျဉ်းကွေးအခြေခံရေးဆွဲခြင်းကို လက်တွေ့ရေးဆွဲလေ့ကျင့်ပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ ၁၀ ရက်နေ့မှ မတ် ၃၁ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)