တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ထားဝယ် မတ်လ ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့  ထောက်ပံ့လှူဒါန်းလျက်ရှိရာ မတ်လ ၁၀ ရက် နံနက်ပိုင်း က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကျွေးချောင်းကျေးရွာ၊ လင်းရောင်ခြည် ဓမ္မရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များနှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား  လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ဦးဘိုဘိုကျော်နှင့် ဝန်ထမ်းများက လင်းရောင်ခြည် ဓမ္မရိပ်သာကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ကေလာသထံသို့ သံဃာတော်များနှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်  ၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ၊ ဆား ၁၀ ပိဿာ စသည့်တို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ငွေဇင်ယော်(ထားဝယ်)