သထုံမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာပညာပေး (Talk Show)ကျင်းပ

သထုံ     မတ်      ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးနှင့် မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်စမ်းသီတာလှိုင်တို့က မြန်မာနိုင်ငံ၏ ရာသီအလိုက်အဖြစ်များသည့် ရောဂါများ၊ ကာကွယ်ကုသနိုင်သည့် အလွယ်တကူရရှိနိုင်သော သဘာဝတိုင်းရင်းဆေးများနှင့် အသုံးပြုပုံများ၊  လူတစ်ဦးချင်းစီအလိုက် ကျန်းမာသန်စွမ်းအောင် ဆီး၊ ဝမ်း၊ သွေး၊လေ ညီညွတ်မျှတရေးအတွက်  အသုံးပြုနိုင်သည့် တိုင်းရင်းဆေးပစ္စည်းများနှင့် မဖြစ်ပွားအောင် ဆင်ခြင်နေထိုင်ရမည့် နည်းလမ်းများ၊ မိသားစုတိုင်း လက်လှမ်းမှီသည့် တိုင်းရင်းဆေးပစ္စည်းများနှင့် စနစ်တကျအသုံးပြုနိုင်မှုများစသည့် တိုင်းရင်းဆေးပညာဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)