သံတောင်ကြီး မတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းပြောင်းလဲဆောင်ရွက်ခွင့်ရသည့် ဖယ်ဖိုးအထက်ကျေးရွာတွင် မြစိမ်း ရောင်စီမံကိန်း အကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းကျေးရွာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများနှင့် လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းကို ယနေ့နံနက် (၉)နာရီအချိန် ဖယ်ဖိုးအထက်ကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့အောင်မြင်စေရန်၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန်နှင့် ကျေးလက်ဉပဒေများ သိရှိစေရန် ရည်ရွယ်ပြီး ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ရှင်းလင်းပို့ချပေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်းကော်မတီ(၇)ဦးကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)