သတင်းများ

သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနေ့စဉ်ဆောင်ရွက်
Mar 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပူတာအိုခရိုင်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်သို့ ခရီးသွားများ တက်ရောက်မှု ယခင်နှစ်များထက်များလာ
Mar 13,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်သည် မြန်မာနိုင်ငံမြောက်ဘက်အစွန်းဆုံးတွင် တည်ရှိသော ခရိုင်ဖြစ်ပြီး ပူတာအို ခရိုင်အတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းစဉ်သည် ထင်ပေါ်ကျော်ကြားသော ခရီးစဉ်ဒေသ တစ်ခုဖြစ်ရာ ယခုနှစ်တွင် ဖုန်ကန်ရာဇီရေခဲတောင်သို့ ခရီးသွားများတက်ရောက်မှု ယခင်နှစ်များထက် များပြားလာကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ စည်းကမ်းမဲ့အမှိုက်မပစ်စေရေး ကွင်းဆင်းဆောင်ရွက်
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က စည်းကမ်းမဲ့ အမှိုက်မပစ်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် အထည်ချုပ်စက်ရုံခွဲ (စစ်ကိုင်း)၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး
Mar 13,2023
စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က စစ်ကိုင်းမြို့နယ် ညောင်ပင်စဉ် မြင်းမွှေးအုပ်စုရှိ အမှတ်(၃) အထည်ချုပ် စက်ရုံ (စစ်ကိုင်း) စက်ရုံ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Mar 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ် ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလ လမ်းနှင့် အနော်ရထာလမ်းဆုံ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ
Mar 13,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) များ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေး
Mar 13,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ တောင်သူများ မျိုးစေ့နှုန်းထားသက်သာပြီး စိုက်ပျိုးစနစ်မှန်ကန်ခြင်းကြောင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် တိုက်ရိုက်ကြဲခင်းစနစ် စိုက်ပျိုးဧက လျော့နည်းစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ယမန်နေ့ နေ့လည်ပိုင်းက မျိုးစေ့ချကိရိယာ(Drum Seeder) များအား တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့သည်။
ဝန်းသိုမြို့ မြနန္ဒာရပ်ကွက်တွင်း ရေနုတ်မြောင်း ကျောက်ရိုးစီခြင်းလုပ်ငန်း အောင်မြင်ပြီးစီး
Mar 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေနုတ်မြောင်း အရှည်(၂၅၀)ပေအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီခြင်း လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း) ထောက်ပံ့ရန်ပုံ ငွေကျပ် (၉.၈၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။