ချောင်းဆုံ မတ် ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် (ပြန်/ဆက်)ဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀း၀၀)နာရီက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး (Talk Show)ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဝင်းဝင်းချောက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လွင်လွင်အောင်မှ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစီမံချက်များ၊ ကြိုတင်တားဆီးကာကွယ်ရမည့်အချက်များ၊ အရွယ်မရောက်သေးသည့် ကလေးငယ်များကို ခိုင်းစေပါက ဉပဒေအရ ပြစ်မှုပြစ်ဒဏ်များနှင့် အုပ်ထိန်းသူမိဘများအတွက် အကြံပြုချက်များဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)