သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ငါးဘတ်ကုန်းကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက်မတည် ရန်ပုံငွေကျပ်သိန်း ၁၀၀ ၏ အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်
Mar 14,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်
Mar 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရူပဗေဒဘာသာရပ် စိတ်အေးချမ်းသာစွာဖြေဆို
Mar 14,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆို
Mar 14,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ကျောင်သားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ (အ.ထ.က) စာစစ်ဌာနတို့တွင် ဆက်လက်ဖြေဆိုကျင်းပရာ စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၄၃ ဦး အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း
ချီဖွေမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး) ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း (၄၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်
Mar 14,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး) ကျေးရွာစီမံကိန်းလုပ်ငန်းများ အတွက် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဥက္ကပ်ရပ်ကွက်ရှိ အခြေခံ မူလတန်းကျောင်း၌ တောင်သူများ လယ်ဝယ်အ‌ရောက်‌‌ လွဲပြောင်းပေးအပ်ခဲ့‌ကြောင်း သိရှိရသည်။