သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Mar 13,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့၌ သမိုင်းဝင်ရွှေမြင်မိစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် စိန်ဖူးတော်၊ရွှေထီးတော်တင် လှူပူဇော်ပွဲ ကျင်းပ
Mar 13,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်၌ နရပတိစည်သူမင်းတည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် မဟာသကျမုနိရွှေမြင်မိစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီ ၄၅ မိနစ်အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများကို မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများပြုလုပ်
Mar 13,2023
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းအချိန်က မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း
Mar 13,2023
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရန်ကျန်ရှိသော မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဒက္ခိဏသီရိမြို့နယ်၊ ရာဇအောင်မြေတောရကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘဒ္ဒန္တပဝရသိဒ္ဓိ အောင်စေဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇအောင်မြေတောရကျောင်းတိုက်၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်
Mar 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုး တိုးတက်ရေး၊ ညဏ်ရည်ညဏ်သွေး မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုတက်ရေးတို့ အတွက် သင်တန်းများ၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆို
Mar 13,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာရပ်အား ဖြေဆို
Mar 13,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စာစစ်ဌာနအသီးသီးတို့တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ရှမ်းတိုင်းရင်းသားများ၏ အဓိက ရိုးရာအစားအစာဖြစ်သော ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။