သတင်းများ

ကွတ်ခိုင်မြို့၌ ဥပဒေဆိုင်ရာအကြောင်းအသိပညာပေး (Talk Show)ကျင်းပ
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေပြုအထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဥပဒေဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်၌ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြသ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍  အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့် ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 14,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်မှုများ တိုးမြှင့်လာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ မလိခခန်းမ၌ ရှင်းလင်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးအား ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် လမ်းများ ချဲ့ထွင်ပြုပြင်
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့ပြလမ်းမအင်္ဂါရပ်နှင့် ညီစေရေး၊ ယာဉ် ကြောပိတ်ဆို့မှု လျော့နည်းရေးနှင့် ယာဉ်လမ်းကြောရှင်းလင်းပြီး ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်ပွားမှုများ လျော့နည်းစေရေးအတွက် မြို့တွင်း ပြည်ထောင်စုလမ်းမကြီး လမ်းကြောကျဉ်းသည့် တစ်ဖက်ခြမ်းကို ပျှမ်းမျှ(၃)ပေနှုန်း ချဲ့ထွင်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိ
Mar 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်(Community Centre)ခန်းမတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကျင်းပ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အတူတကွ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် ၁:၀၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မိုင်းရှူးခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ ဆောင်ရွက်ပေး
Mar 14,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မတ်(၁၂)ရက် နံနက်(၇) နာရီခွဲက မိုင်းရှူးခရိုင်၊