ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ကျောင်သားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို

ပွင့်ဖြူ မတ် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ (အ.ထ.က) စာစစ်ဌာနတို့တွင် ဆက်လက်ဖြေဆိုကျင်းပရာ စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၄၃ ဦး အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ရူပဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၂၁၃ ဦး ၊ ကျောင်းသူ ၃၆၄ ဦး၊  စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၇၇ ဦး ရှိကြောင်း သိရပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၁၉၉ ဦး၊ ကျောင်းသူ ၃၄၄ ဦး၊ စုစုပေါင်း ၅၄၃ ဦး ဖြေဆိုခဲ့ပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၂၀ ဦး၊ စုစုပေါင်း ၃၄ ဦး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများက စုပေါင်း၍ လုံခြုံရေးကိစ္စများနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို နေ့စဉ် ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ အခြေခံပညာစာစစ်ဌာနကျောင်းများတွင် တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ဖြေဆိုကျင်းပရာ အခြေခံပညာစာစစ်ဌာန(၂)ခုတွင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၄၃ ဦး ဝင်ရောက်ဖြေဆိုခဲ့သဖြင့် ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )