မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆို

မော်လမြိုင်မြို့ မတ် ၁၄

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ရူပဗေဒဘာသာရပ်ကိုဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။  

မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုကြရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၆၆)ဦး၊ ပျက်ကွက်သူ (၁၂၃) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၂၆ရာခိုင်နှုန်း၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၇၉) ဦး၊ပျက်ကွက်သူ (၂၀)ဦးဖြင့် ဖြေဆိုမှု ၉၃ ဒသမ ၃၁ ရာခိုင်နှုန်း၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၅၆) ဦး၊ ပျက်ကွက်သူ (၂၃) ဦးဖြင့် ဖြေဆိုမှု ၈၇ ဒသမ ၁၅ ရာခိုင်နှုန်း၊ မုဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၆၄၉)ဦး၊ ပျက်ကွက်သူ(၃၀)ဦးဖြင့် ဖြေဆိုမှု ၉၅ ဒသမ ၄၄ ရာခိုင်နှုန်း၊ သံဖြူဇရပ်မြို့နယ် အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၁၅) ဦး၊ ပျက်ကွက်သူ (၁၉) ဦးဖြင့် ဖြေဆိုမှု ၉၆ ဒသမ ၄၄ ရာခိုင်နှုန်း၊ ရေးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၅၆) ဦး၊ ပျက်ကွက်သူ (၇၃) ဦးဖြင့် ဖြေဆိုမှု ၈၆ ဒသမ ၂၀ ရာခိုင်နှုန်း၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၄၀) ဦး၊ ပျက်ကွက်သူ (၃၆) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၄၄ ရာခိုင်နှုန်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၀၈) ဦး၊ ပျက်ကွက်သူ (၄၅) ဦးဖြင့် ဖြေဆိုမှု ၉၁ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဘီးလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁၄) ဦး၊ ပျက်ကွက်သူ (၂၀) ဦးဖြင့် ဖြေဆိုမှု၉၄ဒသမ၀၁ရာခိုင်နှုန်း၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)တွင်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၃၇၆) ဦး၊ ပျက်ကွက်သူ(၁၅)ဦးဖြင့် ဖြေဆိုမှု ၉၆ ဒသမ ၁၆  ရာခိုင်နှုန်း တို့ဖြစ်သည်။

ယင်းသို့ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ပြည်နယ်ပြန်/ဆက်