သတင်းများ

ကြည့်မြင်တိုင်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 14,2023
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမ၌ ယ​နေ့​မွန်းလွဲ ၁ နာရီအချိန်က အ​ခြေခံပန်းချီ​ရေးဆွဲနည်း သင်တန်းဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများ ကျင်းပ
Mar 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သာစည်ကျေးရွာအတွင်းရှိ ကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်၌ သီလရှင်ဆရာလေးများကို သာသနာ့နွယ်ဝင် စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ သမိဒ္ဓေါဒယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင် စာသင်တိုက်တွင်  ယမန်နေ့ ညနေ(၄)နာရီအချိန်က သီလရှင်ဆရာလေးများကို သာသနာ့နွယ်ဝင်စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅)အမ်ဗွီအေ  ပါခီး ဓာတ်အားခွဲရုံ ဖွင့်ပွဲကျင်းပ
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသတွင် မတ်(၁၂)ရက်နံနက်(၈)နာရီခွဲ က ၆၆/၁၁ကေဗွီ (၅)အမ်ဗွအေ ပါခီးဓာတ်အားခွဲရုံဖွင့်လှစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန် အသိပညာပေးခြင်းဆောင်ရွက်
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိညာပေးခြင်းကို ယနေ့နံနက် ၁၁ နာရီ၌ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ပြသဆောင်ရွက်
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအား နွေဦးပွင့်လင်း ရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများကို ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့ပါသည်။
နတ်တလင်းမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီ အချိန်မှစ၍ မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်လှစ်
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။